ကိုယ့် ခြေဖ၀ါးတွေ အက်ကွဲခြောက်ကပ် ပြီး ဖွာလန်ထွက်နေတယ်
ဆာလောင်မှုတွေက ဘာကိုရည်ရွယ်သလဲ
ရည်ရွယ်မှုတွေလည်း မသေချာနိုင် ဘ၀မှာ အခြေအနေဆိုတာက အရေးကြီးတယ်
ချစ်ခြင်းနဲ့မေတ္တာတရားဟာ ရွှေ့လျားပုံခြင်းက တူသလိုလို ထင်ရသော်လည်း မတူညီဘူး
မမြင်နိုင်တဲ့ နူးညံ့မှုတွေကိုသာ တိမ်း စောင်း ကျ သွား
မသိသလို နေနေရတဲ့ အချိန်တွေကစလို့ သိနေခဲ့တယ်
အရှိတရားတွေမေ့ထားပြီး မျက်လုံးတွေ ကျိန်းစပ်နေထဲအထိ ရှာဖွေကြည့်တယ်
ယောင်ရမ်းပြီး နှိပ်မိလိုက်တဲ့ ခလုတ်တွေ၊ ကိန်းဂဏန်းတွေက မစွတ်မိတဲ့ကံပဲ
မှားယွင်းမှုသာ ပိုပြီးသေချာလာတယ်
ကိုယ်က ပေါက်ကွဲသွားတဲ့ အမှုန်စကလေး တစ်စက်လောက်
မမြင်နိုင်တဲ့ဘက် အခြမ်းမှာ အဲ့ဒီလောက်ပဲ ဒေါသထွက်ပါတယ်
ကွာဝေးမှုတွေလည်း တိုင်းတာလို့မရနိုင်တဲ့ အနေအထားထိဝေးး ဝေးး
လူတွေ.. လမ်းတွေ.. ကိုယ်တိုင်ရွှေ့လျားမှု များ
နောက်ဆုံးအခြေအနေ မရောက်သေးလဲ ကိုယ်က နောက်ဆုံးကိုပဲ ကြိုစောင့်နေတာ
မျှော်လင့်ထားတာတောင် ထိတ်လန့်တကြား ကြောက်ရွံ့မှုတွေက အိပ်မပျော်ပဲ ထယောင်မိတဲ့ ညတွေများလာတယ်
သတိတရဖြစ်မှုတွေ စိတ်မှာ စက်များ တပ်စင်ထားမိသလား
ခဏခဏ ပြန် ပြန် ရစ်မိ။
မကြည့်မိပါဘူး ဒီရယ်သံကလေးတွေပဲ ပြန်ပြန် မြင်လာတာ
မရှာဖွေဘူး တစ်နေရာရာ ပုန်းနေဖို့ လိုအပ်လာရင်
ကိုယ်နေထိုင်မှု ကိုယ့်အခန်းတံခါးကို ကိုယ် ကို တိုင် ပြန်ပြန် ခေါက်ကြည့်တယ်။
“တောင်းလျှင်ရလိမ့်မည် ရှာလျှင်တွေ့လိမ့်မည် ခေါက်လျှင် ဖွင့်လိမ့်မည်”မရူးမိတော့ပါဘူး၊။ စိတ်ကူးသက်သက် အရူးဖြစ်ပြီးတဲ့ နောက်။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ယောင်ရမ်းပြီးနှိပ်မိရင်တောင် မမှားနိုင်တဲ့ ကိန်းဂဏန်းလေးတွေက အထပ်ထပ် မှားလာ
မှတ်တမ်းမှတ်ရာ မရှိတဲ့ သံယောဇဉ်ကြိုးကလေးကို ဖျောက်ဖျက်ပစ်လိုက်ပြီ
ဖျတ်ခနဲ့ တံခါးခေါက်သံ ကြားမိရင်တောင်
ပြန်ဖွင့်မကြည့်ဖြစ်တဲ့ မှတ်တမ်းစာအုပ်လေးလို ထို နေ့ကိုပဲ မေ့လျော့ထားလိုက်ရမယ်။
မှူးသစ်(မှတ်တမ်းမရှိတဲ့ ထိုနေ့)
No comments:
Post a Comment