Search This Blog

Thursday, January 31, 2013

နဂါးသစ္စာ

အမှန်တရားဆိုတာ
ချိန်းဆိုထားတဲ့ နေရာကို
အချိန်နည်းနည်းနောက်
ကျပြီးရောက်လာတတ်တဲ့
သူရဲကောင်းတစ်ယောက်ပဲ

မူရင်းကဗျာဆရာ ကိုမသိပေမယ့် အဲဒီကဗျာကို ကျွန်တော့်အား မကြာခဏ ရွတ်ပြခဲ့ဖူးသူ နှစ်ဦးရှိပါ ၏။ ဆရာငှက်နှင့် ဆရာနီကိုရဲ ဖြစ် ပါသည်။ လွန်ခဲ့သော ဆယ်စုနှစ် တစ်စုကျော်က သုံးဆယ်လေးလမ်း ထိပ်တိုက်ခန်းကျဉ်းလေးတစ်ခု၏ ညနေခင်းတော်တော်များများမှာ ပေါ့။ ဆရာနီကိုရဲက ရုပ်ရှင်ရိုက်ဖြစ် သော သူ့ဝတ္ထုဇာတ်ညွှန်းတစ်ပုဒ်ထဲ မှာ ထိုကဗျာအား ထည့်သုံးထား ကြောင်းလည်း ပြောပြဖူးသည်။ အခြားသူတွေရယ်စရာဖြစ်ရသော သူ့အလွဲများစွာကို ဝတ္ထု၊ ဇာတ်ညွှန်း၊ ရုပ်ရှင်အဖြစ်သူတင်ပြခဲ့ပါသည်။ ဒါပေမဲ့ အခြားသူတွေ မြင်ရကြားရ လို့ ဘယ်နည်းနှင့်မျှ ရယ်စရာမဖြစ် နိုင်သော နာကျင်စရာ အလွဲပေါင်း များစွာကတော့ သူ့မှာရော ကျွန်တော့်မှာ ရော ရှိနေခဲ့ကြပါ သည်။ ထိုနာကျင်စရာ အလွဲ များကို မျိုထွေးမရ ပြောပြမိလေသောအချိန် တိုင်းမှာ သူက သူ့ထုံးစံအတိုင်း နှုတ်ခမ်းထောင့်စွန်းလေးကို ကွေးရုံ မျှ(တစ်လောကလုံးပြုံးသွားစေနိုင် သော) သရော်တော်တော် အပြုံး လေးဖြင့် ထိုကဗျာကိုရွတ်ပြမည်။ ပြီးလျှင် …ကျွန်တော့်ပခုံးကို ပုတ်၍ ဒီလိုပဲပေါ့ကွာဟုပြောမည် ဆိုတာကိုတော့ ကိုယ်စောင့်နတ် များတောင် အလွတ်နေခဲ့ကြမည် ထင်ပါ၏။ တကယ်တော့ သူ့မှာ လည်း အဆိုပါ ဝေဒနာများက ကျွန်တော့်ထက်နည်းလိမ့်မည်မ ဟုတ်။
ဘာလို့လဲဆို ထိုဆရာတွင် ရော ကျွန်တော့်မှာပါ အားနည်း ချက်စရိုက်ဆိုးလေးတစ်ခု တူညီစွာ ရှိခဲ့ကြသည်။ လူလည်တွေ၊ လူနပ် ချမ်းသာတွေက ကျွန်တော်တို့ အပေါ်မှာ အလွယ်တကူ ဖျံကျလို့
ရနိုင်သော အားနည်းချက်တစ်ခု ဖြစ်၏။ခေါင်းထဲမှာ ရှိပြီးသား ချမရေး ရသေးသော ဇာတ်လမ်း၊ ဇာတ် ညွှန်းစကားလုံးများ၊ သီချင်းစာ သား၊ သံစဉ်တစ်ပိုင်းတစ်စအစရှိ သဖြင့် အခြားသူများကို ကိုယ်လိုပဲ ဟု ယုံကြည်စွာ ချပြ၊ ဆိုပြ၊ ပြောပြ မိခြင်းတို့မှ အခြေပြု၍ မိမိတို့ မူပိုင် စိတ်ကူးစိတ်သန်းများကို တစ်ဝက် တစ်ပိုင်း ဖြစ်စေ၊ တစ်ခုလုံးဖြစ်စေ မျက်နှာပြောင်တိုက် အခိုးခံခဲ့ကြရ၊ ဦးနှောက်ဖောက်စားခြင်းခံခဲ့ကြရ သည်။ ဒါလည်း အမှတ်ရှိတာ မဟုတ်ပြောဖြစ်ခဲ့ကြတာပါပဲ။ အဲ သည်လို ကိုယ်မွေးထားတဲ့ ကြက်ကို ရိုက်သတ်ပြီး၊ ကိုယ့်အိမ်က ဆီ ဆား နနွင်းမဆလာပါ နှိုက်ယူ၍ ငါ့လက် ရာကာလသားချက် လုပ်စားကြသူ တို့၏ မျက်နှာပြောင်တိုက် ဖြစ်စဉ်မျိုး နှင့် ကြုံခဲ့ရလေတိုင်းသူက သည်းခံ နိုင်စွမ်းကြီးမားပေမယ့် ကျွန်တော်က တော့ သိပ်မရင့်ကျက်နိုင်ခဲ့။ သို့ သော်လည်း ဘာမှမတုံ့ပြန်နိုင်ဘဲ အောင့်သက်သက်နှင့် မျိုချခဲ့ရတာပါ ပဲ။ ထိုစဉ်က ကျွန်တော့်မှာ ဝန်ထမ်း အလုပ်တစ်ဖက်နှင့်ဖြစ်ပြီး လုပ်ငန်း ခွင်ထဲမှာပါ အလားတူဖြစ်စဉ်တွေ တစ်ထမ်း တစ်ပိုးကြုံခဲ့ရသည်။ ကိုယ်က အခြေ တည်သိမ်းကျုံးလုပ် လို့ အောင်မြင်ပြီးမြောက်လုချိန်မှ အခြားတစ်ယောက်က နှမ်းဖြူးပြီး အမှတ်ယူ သွားတာမျိုး။ ထိုအထဲကမှ အပြစ်ဆိုစရာ တစ်ခုတလေတွေ့ လျှင် အဲဒီအပိုင်းလေးတော့ သူလုပ် တာပါ ဆိုပြီး လွှဲချအပြစ်ပုံ တာမျိုး တွေပေါ့။ ဒါတွေ ပြောပြမိလျှင် လည်း သူကတော့ ထုံးစံအတိုင်း ခပ် ကွေးကွေးလေးပြုံးပြီး အစ်ကိုရင်း တစ်ယောက်ပမာ နှစ်သိမ့်ပေးခဲ့ ပါသည်။
”မှတ်ထားကိုယ့်လူ၊ အသိ အမှတ်ပြုမခံရသော အားထုတ် အောင်မြင်မှုမှန်သမျှ သင့်အတွက် အတောက်ပဆုံးခွန်အားကိုပေးတဲ့ ဂုဏ်သိက္ခာပဲ၊ ငတုံး တွေရဲ့ သားရေ တု ပုရပိုက်မှာပါဖို့ ထက်သိကြားမင်း ရဲ့ ရွှေပုရပိုက်မှာ ပါသွားတာပို မကောင်းဘူးလား၊ ဒီမှာ ဘာမှအသိ အမှတ်ပြုမခံရလည်း သိကြားမင်းက တော့ ကိုယ့်လူအတွက် တာဝတိံ သာမှာ မြေကွက်တွေ ဗိမာန်တိုက် ခန်းတွေ ပါမစ်ချထား ပေးပြီးလောက် ပါပြီ” ဟူ၍။ကျွန်တော်ကတော့ မကျေနပ် နိုင်။ ကြုံတွေ့ခံစားရသမျှဖြစ်စဉ်တွေ ကို ကဗျာ၊ ဝတ္ထုအသွင်ပြောင်း၍ စိတ်အနာကို ဖဲ့ထုတ်ပစ်ရန်ကြိုးစား ခဲ့သည်။ သို့သော် ထိုစကားလုံးများ စာမျက်နှာပေါ်တွင် တက်ရောက်ခွင့် ရမလာခဲ့သောအခါ အနာသည် ပို၍ ရင်းရောင်ခဲ့လေပြီ။ ကျွန်တော့် အတွက် သူရဲကောင်းသည် နောက် ကျသင့်သောအချိန်ထက် ဘာ ကြောင့်များ ပို၍ နောက်ကျနေခဲ့ပါ သလဲ။
ဆိုက်ကားပေါ်မှ ဆင်းပြီးခြံ ထဲဝင်တော့ ပျိုးပင်လေးများကို ရေလောင်းနေသော အဘွားက မျက်မှောင်နားလက်ဝါးလေး ကွယ် ၍ လှမ်းကြည့်သည်။ အဘွား အသက်ကိုးဆယ်ရှိပြီ။ ခါးကိုင်း၍ အဝေးမှုန်သည်မှ လွဲလျှင် ကျန်းမာ ရေး ကောင်းတုန်းပဲ။ အငယ်ဆုံးမြေး ဖြစ်သူ ကျွန်တော် မမွေးခင်တစ်နှစ် အဘိုးဆုံးသည့် အချိန်ကစ၍ ရာသက်ပန်ဥပုသ် သီလယူခဲ့သည်။ ရှစ်နှစ်သမီးတည်းက သားကြီးငါး ကြီး၊ ကုန်းသတ္တဝါမစား။ သူ့အဝတ် သူ လျှော်ဖွပ်နေတုန်း၊ တစ်ခါတလေ ကျွန်တော်တို့ အဝတ်တွေတောင် ယူလျှော်ချင်သေး၏။ သစ်ပင်စိုက် တာလည်း ဝါသနာပါသည်။ ဘုံပိုင် မှာရေပိုက်သွယ်၍ ရေလောင်းတာ မျိုးကိုမကြိုက်။ ပုသိမ်ဟာလဝါ ထည့်သော ကော်ချိုင့်လေးများဖြင့် နေ့စဉ် သူ့ဘာသာတစ်နိုင်တစ်ပိုင် လောင်း လေသည်။
”အဘွား ပျိုးပင်တွေက သိပ် လည်းကြီးမလာဘူး၊ ဒါလည်း နေ့ တိုင်းလောင်းနေတာပဲ”
ကျွန်တော့်မှာ လောလောဆယ် မဲပြီး စိတ်ထွက်ပေါက်ရှာ ကတ်ဖဲ့ ပြောစရာ အနီးဆုံးလူမှာ အဘွားပဲ ရှိသည်။ အဘွားကတော့ ကွမ်းလေး မြုံ့ရင်း အပြုံးမပျက်။”ငါ့မြေးကမမြင်ဖူးသေးလို့ပါ၊ ဒါနဂါးသစ္စာပန်းခေါ်တယ်ကွဲ့၊ ပွင့်လာရင် အနံ့ရောအဆင်းရော သိပ်လှသိပ်မွှေးတာကိုး”ဟုပြော သည်။ ကျွန်တော်ကတော့ မျက်မြင် မဟုတ်သေးတာကြောင့်သိပ်စိတ်ဝင် စားမှုမရှိ။ ဆက်ပြီးကတ်ဖဲ့ပြောချင် စိတ်ကလည်း ကျန်သေးတာ ကြောင့်…။
‘ဟုတ်လား၊ အဲဒီပန်းတွေက ပွင့်ကောပွင့်ဦးမှာလား အဘွားရဲ့၊ အဘွားရှိတုန်းပွင့်နိုင်ပါ့မလား” ဟု မေးလိုက်တော့ အဘွားက နက်နက် နဲနဲပြုံးသည်။ မှုန်သီသီဇရာမျက်ဝန်း သည်ပင် လက်ရွှန်းတောက်ပ သွား သယောင်ရှိ၏။
”ပွင့်ရမှာပေါ့ကွယ်၊ ကျိန်းသေ ပေါက်ပွင့်တာပေါ့၊ သို့ပေတဲ့ လူ့ သက်တမ်းဆိုတာ မျက်တောင် တစ် ခတ်စာအတွင်းလည်း ကုန်သွားနိုင် တာကလား ဆိုတော့ကာ ပန်းပွင့် မယ့်အချိန် အဘွားရှိမရှိ၊ ငါ့မြေးရှိမရှိ ဘာမှတပ်အပ်မပြော နိုင်ဘူးပေါ့၊ ပုံမှန်သက်တမ်းအတိုင်း ဆိုရင်တော့ ငါ့မြေးတို့ နောင်လာ နောက်သားတွေ မြင်ခွင့်ရမှာပဲ၊ ဒါဆိုရင်ပဲ စိုက်ခဲ့ရ ကျိုးနပ်သွားပြီလေ၊ အဘွားကတစ်ဝ ကြီး မြင်ဖူးပြီးခဲ့ပြီပဲကွယ်…”
ကြက်သီးမွေးညင်း အချို့ရင် ဘတ်အတွင်းမှရှပ်ပြေးသွားသလို ခံစားလိုက်ရ၏။ အဘွားသည် ကျွန်တော့်အားကြည့်ပြီး စကားပြော နေခြင်းမဟုတ်။ ဆည်းဆာရောင် ဆောင်းလာသော ကောင်းကင်ကို ကြည့်ပြီး ပြောနေတာဖြစ်သည်။ အဘွား၏ စကားသံမှာညင်ညင် တည်တည် သဒ္ဓါရုံခပ်အေးအေးဖြစ် သော်လည်း တစ်လောကလုံးနား ညွှတ်နေသကဲ့သို့။ သမားရိုးကျအာ ရုံဖြင့် နားထောင်ရရုံသက်သက် မဖြစ်နိုင်တော့မှန်း ကျွန်တော် ကောင်းစွာ သဘောပေါက်လိုက်မိ သည်။
”ဟုတ်တယ်ငါ့မြေးရဲ့၊ အဘွား ငယ်ငယ် ခုနစ်နှစ်၊ ရှစ်နှစ်သမီး အရွယ်ရှိဦးမှာပေါ့၊ ခုထက်ထိ မမေ့ နိုင်ဘူး၊ အဲဒီနေ့က ပွင့်လိုက် မွှေး လိုက်တဲ့ ပန်းတွေများ တစ်ရွာလုံး ဖူးမြကြရွသင်းလှိုင်သွားတာ၊ အို …ပန်းနာမည်ကိုတောင် အဲဒီနေ့ ကမှ မှည့်လိုက်ကြတာကွယ့်..”ထိုမှအစပြု၍ ကျွန်တော့်ဘဝ တစ်သက်တာအတွက် မှတ်မှတ်သား သား စိတ်စွမ်းအားတစ်ခု မွေးဖွား ပေးနိုင်ခဲ့သည့် ဒဏ္ဍာရီဆန်လှသော အဖြစ်အပျက်တစ်ခုအား အဘွားက စိတ်ဝင်စားဖွယ်ကောင်းစွာ ပြောပြ ခဲ့ပါသည်။”ကလေးတွေ၊ ဖိုးစိန်လုံးအိမ် မှ ဝင်ခဲ့ကြရဲ့လား”ထိုစဉ်အချိန်က အဘွားတို့က  လေးတစ်သိုက်ကျောင်းပြန်ချိန်မှာ မိဘအုပ်ထိန်းသူများ မေးလေ့ရှိ သော စကားပင်။ အဘွားတို့ ရွာ ကလေးက ပင်လယ်ကမ်းစပ်မှာ တည်ရှိပြီး ပတ်ဝန်းကျင်ရွာစဉ်မရှိဘဲ သီးခြားကျွန်းဆန်ဆန်ဖြစ်နေ၏။ အနီးဆုံးတိုက်နယ်မြို့ကလေးသည် ပင် ခုနစ်မိုင်ကျော်ဝေးကွာပြီးရေ လမ်းမှသာသွားလာရလေသည်။ မြေအနေအထား ဆယ်မိုင်ခန့် ကျယ်ဝန်းသည်ဟု ဘိုးဘွားစဉ်ဆက် ပြောခဲ့ကြသော်လည်း ရွာအနောက် ဘက် နှစ်မိုင်ခန့်ကျော်လျှင်တော့ နေထိုင်သူမရှိတော့ပေ။ ထိုထက် ကျော်လွန်၍လည်း ဘယ်သူမှမသွား ရဲကြ။
သားရိုင်းတိရစ္ဆာန်များရှိ သလိုလို ဆိုသူကဆို၏။ ထုထည် ကြီးမားလှသော နှစ်ရှည်သစ်မာသစ် ရိုင်းပင်များ ထူပြောနက်ရှိုင်းစွာ ပေါက်ရောက်နေတာကြောင့်လည်း နတ်ကြီးသည်၊ နတ်ကိုင်ခံရမည် စသည့် ရှေးရိုးစွဲအယူသည်းမှုများ ဖြင့် လေ့လာဆန်းစစ်သွားရောက်သူ မရှိခဲ့ကြ။ကိုလိုနီခေတ်တွင် လူဖြစ်ရ သော ဝေးလံသီခေါင်နေရာဒေသခံ များ၏ ထုံးစံအတိုင်းပညာတတ် လူတန်းစားမှာ လက်ချိုးရေစရာ တောင်မလို၊ မြို့ကျောင်းမှာ ငါး တန်းခြောက်တန်းထိပညာသင်ကြား ဖူးသူနှစ်ဦးမျှရှိ၏။ ရွာမှာ မူလတန်း စာသင်ကျောင်းပင်မရှိ။ ဘုန်းတော် ကြီးကျောင်းမှ မူလတန်းပညာရေး ဖြင့် ပြီးဆုံးခဲ့ရသူအချို့သာရှိလေ သည်။ အဘွားတို့သည်လည်း သေစာရှင်စာနှင့် ဘာသာတရားယုံ ကြည်သက်ဝင်လေးနက်မှုအတွက် ဘုန်းတော်ကြီးကျောင်းကိုသာ ဖက်တွယ်ရှင်သန်ခဲ့ကြရသည်။ ဘုန်းတော်ကြီးကျောင်းမှာ စာရိတ္တ၊ ပညာရေးနှင့် စည်းကမ်းတို့အတွက် လေ့ကျင့်ကွင်းဖြစ်ခဲ့ပြီး ဦးစိန်လုံး၏ ခြံကတော့ကျောင်းဆင်း အိမ်ပြန် ချိန်မတိုင်မီ စိတ်လွတ်လပ်ရေး အပြည့်အဝရသည့် ကစားကွင်းကြီး တစ်ခုဖြစ်လေသည်။ ဦးစိန်လုံးမှာ ငွေကြေးအတန်အသင့်ဖြင့် မပူ မပင်စားသောက်နိုင်သော မုဆိုးဖို တစ်ဦးဖြစ်ပြီး သားသမီးထွန်းကား ခြင်းမရှိခဲ့။ ဇနီးဖြစ်သူရော၊ ဇနီး၏ ဖခင်ကြီးပါ တစ်နှစ်စီခြား၍ ရှေ့ ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြပြီ။ သို့သော် သဘောကောင်းသူဖြစ် ၍ သူရင်းငှားလုပ်သား အချို့ဖြင့် သူ့ခြံထဲမှာပဲ စုပေါင်းနေထိုင်လေ သည်။ သူ့ခြံနှင့်အိမ်ဝိုင်းကလည်း အဘွားတို့ကလေးတစ်သိုက် ကျွမ်း
ပြန်ပေတူးသည်အထိ ပြေးလွှားဆော့ ကစားနိုင်အောင် ကျယ်ဝန်းသည်။ တစ်နေကုန်နီးပါး ကလေးတွေ တစ် ရုံးတစ်ဖွဲ့နှင့် ဆူညံ ပျော်ရွှင်လျက်ရှိ ကြပြီး မှောင်ရိပ်သန်းလုမှပဲ လူစု ခွဲဆိတ်ငြိမ်ကြတော့ သည်ပင်။ ထို ရက်ပိုင်းကတော့ အဘွားတို့ကျောင်း နေဖက်သူငယ်ချင်း ကလေးသူငယ် အများစုဦးစိန်လုံးခြံသို့ နေ့စဉ်ရက် ဆက်ရောက် ဖြစ်ကြသည်မှာ ကစား ခုန်စားဖို့ချည်း သက်သက်မဟုတ် သော အကြောင်းတစ်ခုအသေအချာ ရှိ နေခဲ့ပါသည်။
”လှလိုက်တာ ဟယ်”
”အင်းနော်၊ ဒါတောင် အကြမ်း ထည်တစ်ဝက်ကျော်ကျော် ပဲရှိသေး လို့၊ ဘိတ်ဆုံးအပြီးသတ် အချော ကိုင်တဲ့အခါကျ ဒီထက်အပုံ ကြီးလှ မှာဟ”
”ကိုလူလေး အဲဒါဘယ်တော့ ပြီးမှာလဲတော့”
ကိုလူလေးကတော့ ဘာမှ ပြန်မပြောဘဲ ပြုံးရုံသာပြုံးပြလေ့ရှိ သည်။ ထုဆစ်လက်စ နဂါးတစ် ကောင်၏ ပုံသွင်သည် အတော် ပင် ရုပ်လုံြး<ွကနေခဲ့ပြီ။ ထိုနဂါးရုပ် သည် ဦးစိန်လုံး၏ ခြေတံရှည်အိမ် ကြီးအောက်တွင် ရှိနေခြင်းဖြစ်၏။ ထိခိုက်ပျက်ယွင်းမှုမရှိရလေအောင် စောင်ထူတစ်ထပ်၊ ပလတ်စတစ် အထူစားတစ်ထပ်ဖြင့် ခြုံမိုးထားလေ့ ရှိသည်။ ကိုလူလေးမှာ ဦးစိန်လုံးခြံ ဝိုင်းအတွင်း၌ပင် နေထိုင်သူ လူယုံ သူရင်းငှားတစ်ဦးဖြစ်၏။ သူငယ် ငယ်ကတည်းက မိဘတွေလည်းမရှိ၊ သူ့ ဇာတိကိုလည်း သူကိုယ်တိုင်မသိ။ ဘယ်သူ့မှလည်း သူကဲ့သို့ သူရင်းငှား တစ်ယောက်အကြောင်း စိတ်ဝင်စား သည်မရှိခဲ့ကြ။ နဂါးရုပ်တုဖြစ်တည် လာချိန်မှသာ ကလေးများ၏ တစ် ဆင့်စကားကြောင့် သူ့နာမည်ကို  အနည်းငယ်သတိထားမိလာကြတာ ဖြစ်၏။’သူက သမီးတို့တွေ လာကစား တဲ့အချိန်ကျရင် အရုပ်ကိုထိခိုက်မှာ စိုးလို့သာလာထိုင်စောင့်နေတာ အမေရဲ့၊ အဲဒီအချိန်သူ့ပညာကို မပြဘူးဘဲ၊ ကော်ပတ်စလေး၊ အဝတ် စလေးနဲ့ ပွတ်တာတိုက်တာတို့ ထီးကိုင်းချွန်လေးတစ်ခုနဲ့ အနုစိတ် မယ့်နေရာကြားကို ခြစ်တာညှိတာ လောက်ပဲ လုပ်တာတော့၊ ကျုပ်တို့ ဖြင့် သူ့ပညာခန်းကြည့်ချင်လွန်းလို့ ဟာ ကနေ့ထိ တစ်ခါသားမှ မတွေ့ ခဲ့ရပေါင်၊ ဖွင့်ဖွင့်ပြဖို့တောင် သူက တွန့်တိုသေးတာ၊ ဘစိန်လုံးက ကလေးတွေကြည့်ပါစေကွာဆိုလို့ သာ””ညည်းတို့တွေ ဘယ်ကြည့် ခွင့်သာမလဲအေ၊ သူက သူ့အလုပ် မဆင်းခင်ည မွန်းတိမ်းချိန်ကျော်မှ ထပြီး ထုဆစ်တာမျိုးနေမှာပေါ့”တကယ်တော့ သူတို့ရွာမှာ ပန်းပုပညာကို စိတ်ဝင်စားသူလည်း မရှိ၊ ကျွမ်းကျင်တတ်မြောက်သူ လည်း ရှိသည်ဟု မကြားမိခဲ့ကြပါ။ ဦးစိန်လုံးယောက္ခမကြီးကတော့ ငယ်စဉ်အခါက မြို့ပေါ်ဘုရားတန် ဆောင်းများတွင် ပန်းပုပညာဖြင့် အသက်မွေးခဲ့ဖူးသေးကြောင်း၊ သူ ကွယ်လွန်ချိန်တွင် သူ့လက်နက် စူး၊ ဆောက်၊ တံစဉ်းစသည်များ အတော်အတန်ကျန်ရှိခဲ့ကြောင်းနှင့် သူ့ထံမှ ပန်းပုပညာအား ကိုလူလေးရ ခဲ့တာဖြစ်မည့်အကြောင်းကိုတော့ အချို့က မှန်းဆပြောဆိုခဲ့ကြလေ သည်။ စင်စစ် နဂါးရုပ်ဖြစ်လာမည့် သစ်လုံးသည်လည်း ဘယ်ကမျော လာမှန်းမသိဘဲ ရွာရှေ့ကမ်းစပ်မှာ လှိုင်းတို့ကတင်ပို့ပေးခဲ့ခြင်းဖြစ်၏။ သောင်ခြေမှာ ထီးတည်းရှိနေတုန်း ကတော့ ဘယ်သူမှစိတ်ဝင်တစား မဖြစ်ခဲ့ကြ။ ကိုလူလေးလက်ထဲတွင် နဂါးတစ်ကောင် ရုပ်သွင်ဖြစ်လာချိန် မှာတော့ သူတို့၏ နဂါးကျေးရွာက လေးတွင် တစ်နေ့ထက်တစ်နေ့ အကြောင်းရှာပြောစရာ သတင်း တစ်ခုဖြစ်လာခဲ့ချေပြီ။
”မင်းမဆိုးဘူးပဲကွလူလေး၊  တိုက်တိုင်ဆိုင်ဆိုင်မြို့ပိုင်မင်းက လည်း ကနေ့ပဲ အမိန့်ရှိလိုက်တာ တို့ ရွာအတွက်တော့ အဆင်သင့် ပြီ”
”ဘယ်လို အကြောင်းများပါ လိမ့်သူကြီးမင်း”
”ဒီလိုကိုမှတ်ကြိုင်ရဲ့၊ ကျုပ်တို့ ရွာမယ် ကျုပ်သိမိခဲ့သလောက် အစိုးရမင်းများ တစ်ခါမြှ<ွကရောက် ဖူးတယ် မရှိခဲ့ဘူး၊ အခုတော့ဖြင့် နယ်ပိုင်အရာရှိမင်းနဲ့ ဘုရင်ခံရဲ့ ကိုယ်စားလှယ်တော်များက တိုက် နယ်ကျေးရွာအားလုံးကို ကွင်းဆင်း လှည့်လည်ကြတော့မယ်ဆိုပဲ”
”သူရို့ရောက်လာခါကျရင် ဘာများထူးခြားမှာလဲ သူကြီးမင်း ရဲ့”
”အလို ကိုမှတ်ကြိုင်နှယ် နုံရန်ကောဗျာ သူတို့သဘောတွေ့တဲ့ ရွာများကို အခြေမြှင့်ပေးလိုက်လိမ့် မပေါ့၊ မြို့ပိုင်မင်းမှာ လိုက်တာလည်း အဲဒါပဲလေ၊ ရွာအမည်နဲ့လိုက်ဖက် တဲ့ အထိမ်းအမှတ်တစ်ခုခုကို သူတို့ဘဝင်ကျအောင်လုပ်ထားကြ တဲ့၊ သူတို့လူမျိုးတွေဟာ ဒါမျိုးကို အလွန်နှစ်ခြိုက်ဆိုပဲ၊ သူတို့ကျေနပ် ရင် ကျုပ်တို့ရွာကို လှေဆိပ်တို့ စာသင်ကျောင်းတို့တည်ပေးမှာတဲ့၊ အခန့်သင့်ရင်တိုက်နယ်အဆင့် မှန်းလို့ရတာပ”ဆယ်အိမ်ခေါင်း ဦးမှတ်ကြိုင် ၏ မျက်လုံးများဖျတ်ခနဲအရောင် ပြောင်းသွားခဲ့သည်ကိုတော့ အဘွား တို့ကလေးတစ်သိုက်ထဲမှ အချို့က လွှဲလျှင် ဘယ်သူမှ သတိမထားမိ လိုက်ပါ။ ထိုညတွင် သူကြီးအိမ်မှာ ရပ်ရွာလူကြီးများ စည်းဝေးဆွေးနွေး ကြချိန် ဦးမှတ်ကြိုင်က အဆိုတစ်ခု တင်သွင်းသည်။ နဂါးရုပ်အားလူ လေးကို ဆက်လက်ဆောင်ရွက်ခိုင်း မည်ဆိုပါက မတော်တဆ အမှား အယွင်းဖြစ်သွားမှာစိုးရသည်။ ဒီ ကိစ္စက ပညာလည်းတတ်၊ အတွေ့ အကြုံလည်း အသင့်အတင့် ရှိသော ဖိုးကုလားကိုဆောင်ရွက်စေပါက ကျိမ်းသေပေါက်အောင်မြင်ပြီး ရွာ နာမည်ရလိမ့်မည်ဟူ၍။ ဖိုးကုလားမှာ ဦးမှတ်ကြိုင်၏ သားဖြစ်သည်။ မြို့ကျောင်းမှာငါး တန်းအထိနေဖူးပြီးရွာမှမကြားဖူး ကြသော လက်တွေ့မဟုတ်သည့် ကြီးကျယ်သောကိစ္စရပ်များအား ဟိုစပ်စပ်သည်စပ်စပ် တခမ်းတနား ပြောဆိုတတ်သူဖြစ်၏။ ဖခင်အရှိန် အဝါဖြင့် ရွာမှာတော့ လူတွင်ကျယ် ပဲ။ သူ့အားကြည့်မရသည့်တိုင် ဦးမှတ်ကြိုင်၏ ဓနအင်အား၊ ကျော ထောက်နောက်ခံမိုက်အား များနှင့် မကင်းရာမကင်းကြောင်း                 ”အကြောင်းတရား” ပေါင်းများစွာ တို့ကြောင့်လည်းကောင်း၊ မျက်နှာ ကြီးရာဟင်းဖတ်ပါတတ်သော ပင် ကိုစရိုက်မဖျောက်နိုင်သူအများ စုရှိနေတာကြောင့် လည်းကောင်း၊ စဉ်းစားဆင်ခြင်၍တိုးတက်သော အမြင်ဖြင့် ရှေ့ဆောင်ပြောဆိုဖို့ရန် ဝန်လေးနေကြတာကြောင့် လည်း ကောင်းဦးမှတ် ကြိုင်တင်သွင်းသော အဆိုအား (အစည်းအဝေး မြန်မြန် ပြီး စေလိုသော ရည်ရွယ် ချက်ဖြင့်) ဝိုင်းဝန်း ထောက်ခံလိုက်ကြလေ သည်။နောက်တစ်နေ့နေ့လယ်ခင်း တွင် ဖိုးကုလားသည် နောက်လိုက် နောက်ပါ တစ်စုခြံရံလျက် ဦးစိန် လုံး၏ ခြံဝိုင်းအတွင်း ရောက်ရှိ လာ ခဲ့လေသည်။ ကိုလူလေးကတော့ ကလေးများ ဝိုင်းကြည့်နေသော နဂါးရုပ်အကြေးခွံများကြား ထီးကိုင်း ချွန်လေးဖြင့် ညှိသပ်နေဆဲ ဖြစ်၏။ ဖိုးကုလားက ကလေးများအား နောက်ဆုတ်ခိုင်းပြီး နဂါးရုပ်အားလုံး စေ့ ပတ်စေ့လှည့်လည်ကြည့် သည်။ ပြီးတော့ အနည်းငယ်စိတ်ပျက် ဟန်ဖြင့် ခေါင်းယမ်းပြီးပြော၏။
”မောင်ရင့်ဟာ ဟုတ်မလိုလိုနဲ့ အတော်လွဲနေတာပဲကွ လူလေးရ၊ ငါ အချိန်မီရောက်လို့တော်တော့ တယ်”
ကိုလူလေးကား ဖိုးကုလားကို စိုးစဉ်းမျှပင် လှည့်မကြည့်။ သူ့ အလုပ် သူဆက်လုပ်မြဲ။ ဖိုးကုလား မျက်နှာနည်းနည်းနီသွားသည်။
”ငါပြောတာကြားလား လူ လေး မင်းလုပ်ပုံက သမားစဉ် ပျက် နေတယ်ဆိုတာ”
”ဘယ်လိုသမားစဉ်လဲ ကွဲ့လင်းစမ်းပါဦး၊ င(ငါ)တို့တစ်ခါမှမ   ကြားဘူးလို့ ဗဟုသုတရအောင်” ဟု ဦးစိန်လုံးက ခပ်ငေါ့ငေါ့ဝင်ပြော သည်။ ဖိုးကုလားက ဦးစိန်လုံးကို ခပ်နှိမ်နှိမ်ကြည့်လိုက်ပြီး”အကျယ်ပြောလျှင်တော့ ခင်ဗျားတို့ နားပေါက်မယ်မဟုတ် ဘူး၊ အသိသာဆုံးပြောရလျှင်တော့ သမားစဉ်အရ နဂါးဆိုတာအမြီး အမောက်တည့်ရမယ် တွေ့လား၊ ဒီနဂါးကအမြီးနဲ့ အမောက်မတည့် ဘူး” ဟုနဂါးရုပ်ကို ပွတ်သပ်ပြရင်း ပြောသည်။ ဦးစိန်လုံးက မခိုးမခန့် ဟက်ပက်စွာရယ်လိုက်၏။
”မောင့်နှယ်ကွယ် ပြစ်ချက်ရှာ တတ်ရန်ကော၊ သည့်လောက်ကွေး လိမ်နေတဲ့ သစ်လုံးကို ပုံဖော်မှ တော့ ဘယ်လာပြီး အမြီးက အမောက်နဲ့ လာတည့်နိုင်ပါတော့ မလဲ”
”အဲဒါပညာလိုတာပေါ့ တွင်း ဆက်၊ ဖောက်ဆက်၊ ဖြတ်ဆက်၊ ကပ်ဆက်ဆိုတာရှိတယ်လေ၊ တည့်အောင်လုပ်တည့်ရပေမပေါ့ ဗျာ၊ နောက်ပြီး ဒီနဂါးမှာ ခြေလက် သည်းမပါဘူး၊ လိုအပ်ချက်တွေက အများကြီးပဲ ပြုပြင်ရဦးမှာ”
”အလို ဖိုးကုလားရဲ့ နဂါးမှာ ခြေလက်ပါတယ်လို့ ကျုပ်ဖြင့်ကြား ဖူးပေါင်”ဟု ဦးစိန်လုံးက ထေ့ပြန် သည်။ ဖိုးကုလားက ဦးစိန်လုံးအား သူငယ်နှပ်စားအသွင်ကြည့်ပြီး ရှင်း ပြပြန်၏။
”အို…ပါတာပေါ့၊ စိန့်တိုင်း  က နဂါးရုပ်တိုင်းမယ် ခြေလက်ပါ တာချည်းပဲ၊ နိပွန်ပြည်နယ်မှာဆို အတောင်ပံတောင်ပါလိုက်သေး”
ဤသို့ဖြင့် နောက်ရက်တွေမှာ လည်း ဖိုးကုလားတို့အုပ်စုသည် နဂါးရုပ်ရှိရာသို့ လာရောက်ကြည့်ရှု လျက် အများနားမလည်နိုင်သော စကားတွေပြောကာ ကိုလူလေးအား ပြစ်တင်ပြောဆိုလျက် ပြုပြင်ပြောင်း လဲထုဆစ်ရန် ညွှန်ကြားမောင်းမဲကြ လေ၏။ ကိုလူလေးကား တစ်ခွန်းမျှ ပြန်မပြောဘဲ သူလုပ်စရာရှိသည့် စိတ်ကူးစိတ်သန်းအတိုင်း ဆောင် ရွက်မြဲသာ။ ငါးရက်မြောက်နေ့တွင် တော့ နဂါးရုပ်သည် အပြီးသတ် လုနီးပါးရုပ်လုံြး<ွကလာခဲ့လေပြီ။ထိုနေ့တွင် ဖိုးကုလားတို့ အုပ်စု က ကိုလူလေးအားသူကြီး ညွှန် ကြားချက်အတိုင်းလိုက်နာ ဆောင် ရွက်ခြင်းမရှိဟုဆိုကာ နဂါး ရုပ်တုကို ဆက်လက်ထုဆစ်ခြင်း မပြုရန် တားမြစ်မိန့်ထုတ်၏။ ဦးစိန်လုံး၏ တစ်အိမ်လုံးကိုလည်း မွှေနှောက် ရှာဖွေ၍ ပန်းပုထုဆစ်သည့် စူး ဆောက်တန်ဆာအားလုံးသိမ်း ဆည်းသွားခဲ့လေသည်။ ထီးကိုင်း အချွန်လေးပင် ချန်မထားရစ်ခဲ့။
”ငါ့ယောက္ခမကြီးထားခဲ့တဲ့ ပန်းပုထုကိရိယာတွေအားလုံးက သံချေးစွဲဆွေးမြေ့နေပြီကွဲ့ လူ လေးလည်း ဒီပစ္စည်းတွေ ယူသုံး တယ်လိုတော့ ငါမမြင်မိပါဘူး” ဟု ဖိုးကုလားတို့ ပြန်သွားချိန်တွင် ဦး စိန်လုံးက ညည်းတွားသည်။  သို့ဆို လျှင် မည်သည့်လက်နက်ဖြင့် ဤ နဂါးရုပ်အား ကိုလူလေး ထုဆစ်ခဲ့ သလဲဟု အဘွားတို့တစ်တွေ စဉ်းစား ရခက်သွားကြ၏။ သူတို့ ဥာဏ်မမီ ခဲ့ကြ။ နောက်တစ်နေ့ နံနက်တွင် ဘုန်းတော်ကြီး ကျောင်း အသွား၌ပင် ဦးစိန်လုံးခြံသို့ အပြေးအလွှားသွား ရောက်စူးစမ်းမိကြသည်အထိပင်။ထိုနေ့မနက်က မိုးခပ်ဖွဲဖွဲရွာ နေသည်။ အဘွားတို့ရောက်သွား သည့် အချိန်တွင် နဂါးရုပ်ကစင်းလုံး ချောနီးပါးဖြစ်နေခဲ့ပြီ။ ဆယ်အိမ် ခေါင်း ဦးမှတ်ကြိုင်နှင့် ဖိုးကုလားတို့ အုပ်စုတွေပါ ရောက်နေကြသည်။ ဖိုးကုလားကပြော၏။ ”မင်းက တယ် သွေးကောင်းတာကိုး လူလေးရဲ့။ ဆက်မလုပ်ပါနဲ့ ဆိုတာကို ဘာနဲ့များ ရအောင် ဆက်လုပ် ထားရတာလဲ၊  ကိုင်း အဘ ဒီအရုပ်ကို ကျုပ်တို့ ယူ သွားပြီး ကျုပ်ကိုယ်တိုင် အသေ အချာဦးစီးမှ ဖြစ်တော့မယ်”ဦးမှတ်ကြိုင်နှင့် ဖိုးကုလားတို့ ၏ တပည့်များက နဂါးရုပ်အား သယ်ယူသွားကြသည်။
”နေဦး”
အဘွားတို့တစ်ကြိမ်သာ ကြား ဖူးခဲ့ရသော လူလေး၏ အသံဖြစ် သည်။ ကိုလူလေးက နဂါးမျက်လုံး နေရာအား လက်ထဲမှ ပိတ်ကြမ်းစ ဖြင့် နှစ်ချက်သုံးချက်ပွတ်လိုက်၏။ နဂါးမျက်လုံးသည် စူးစူးရဲရဲပိုဖြစ် သွားသယောင်။ ထို့နောက် ကိုလူ လေးသည် ဖိုးကုလားရှေ့မှာရပ်ပြီး မျက်လုံးချင်းတေ့တေ့ဆိုင်ဆိုင်စိုက် ကြည့်လိုက်သည်။ ဖိုးကုလားချာခနဲ မျက်နှာလွှဲ၏။ အများသတိထားမိ သည်မှာ ကိုလူလေးမျက်လုံးတစ်စုံ သည် နဂါးရုပ်မှ မျက်လုံးများနှင့် တစ်ထပ်တည်းဖြစ်နေခြင်းပင်။ ထို့ နောက်မှာ ကိုလူလေးသည် အား လုံးကို ဆတ်ခနဲကျောခိုင်း၍ ခြံဝိုင်း ထဲမှ တစ်လှမ်းချင်းထွက်သွားခဲ့ သည်။ မိုးကပိုသည်းလာ၏။ ထိုနေ့ မှာ ကိုလူလေးအား သူတို့ တစ်ရွာလုံး နောက်ဆုံးမြင်တွေ့လိုက်ရခြင်း ဖြစ် သည်။
အဲသည် တစ်ညလုံး
မိုးသီးတွေ တဝုန်းဝုန်းကြွေကျ
ကောင်းကင်တော်က အပြစ် ပေးတဲ့မြားချက်တွေအလား…
မြေပြင်ကို အစင်းစင်း ထိမှန် ခဲ့လေရဲ့…
”နဂါးရုပ်ကို သူတို့ဘာလုပ်ပစ် လိုက်ကြသလဲ အဘွား”
”ရွာလယ်မှာ မဏ္ဍပ်ထိုးပြီး ဖိုးကုလားက သူ့ပညာမဏ္ဍပ်တိုင် တက်ပြတာပေါ့ကွယ်၊ နဂါးရုပ်ကို ဖြတ်တောက်ထွင်းစစ်ပြီး ခြေတွေ လက်တွေတပ်၊ သူ့စိတ်ကူးနဲ့သူ အတောင်ပံတွေပါတပ်ပြီး စိန့်တိုင်း ကပညာရှင်တွေ လက်ရာအတိုင်း လုပ်တာလို့ ဆိုသေးတယ်”
”နောက်တော့ နယ်ပိုင်း မင်းတို့ ဘုရင်ခံအဖွဲ့တို့လာကြည့်ပြီး ဘယ် လိုဖြစ်သွားရောလဲ”အဘွားက အသံငွေ့ငွေ့လေး တစ်ချက်ထွက်ရုံမျှရယ်သည်။
”သူတို့ကြည့်ခန်းတောင် မရောက်လိုက်ပါဘူး၊ မြို့ပိုင်မင်းက   အဦးဆုံးလာကြည့်စစ်ဆေးတယ်၊ နဂါးမျက်လုံးကိုကြည့်ပြီး အတော် လန့်သွားတာပေါ့၊ မျက်လုံးကတော့ အတော်အသက်ဝင်တယ်၊ ကျန်တာ ကတော့ ကြည့်ရဆိုးလွန်းသတဲ့၊ ဒီ မကောင်းဆိုးဝါးနတ်ရုပ်ကို ဘယ် သူထုတာလဲ၊ နယ်ပိုင်မင်းကို မပြ သင့်ဘူးဆိုပြီး အဖျက်ခိုင်းပါရော အဲဒီတော့ အားလုံးက ဒီအရုပ်ကို လူလေးထုတာပါဆိုပြီး အပြစ်ပုံချ လိုက်ကြတာကွဲ့၊ ဦးမှတ်ကြိုင်တို့ သားအဖတွေပဲပေါ့၊ ရွာခံတွေက မကျေနပ်ပေမယ့် မပြောရဲခဲ့ကြ ဘူး”ထိုစဉ်ကရွာခံတွေမဆိုထားနှင့် နားထောင်နေခဲ့ရသော ကျွန်တော် သည်ပင် ရင်ထဲမှာ တဆတ်ဆတ်မွန်း ကျပ်ကျပ်ဖြစ်ခဲ့လေသည်။နောက်ဆုံးနှစ်ခန့်အကြာ တစ်ခုသော ဆောင်းဦးပေါက်နံနက် ခင်းကိုတော့ အဘွားတို့နဂါးရွာလေး တစ်ရွာလုံးတစ်သက်မမေ့ခဲ့ကြ။ ထို ရက်ပိုင်းမတိုင်မီသူကြီးက အမိန့်ညွှန် ကြားချက်တစ်ခုပေးသည်။ လွန်ခဲ့ပြီး သောနှစ် မိုးတွင်းများက ရေတိုက် စားကမ်းပါး ပြိုကျမှုတွေသည် ရွာ အရှေ့ပိုင်း အိမ်ခြေများသို့တိုင် ကပ်ပါးဖဲ့ြေ>ွခလာခဲ့ပြီဖြစ်၏။ ထို့ ကြောင့် ရွာနေရာကို ရွှေ့ဖို့ ကုန်း တွင်းပိုင်းပိုကျသော အနောက်ခြမ်း ဘက်တွင် ချဲ့ထွင်ရှာဖွေရမည်ဖြစ် သည်။ ရှေးရိုးစွဲရွာခံအချို့မှာ အကြောင်း အမျိုးမျိုးပြ၍ နတ်ကြီး သည်ဟူသော အယူအဆဖြင့် ပြောင်းရွှေ့ခြင်း မပြုလိုကြ။ သို့သော် သူကြီး၏ စကားမှာ လက်တွေ့ကျ ပြီး အမိန့်ကိုလည်းမလွန်ဆန်ဝံ့ကြ ပေ။ ထို့ကြောင့် အရွယ်ရောက်သူ ကာလသားအချို့ကို စုဖွဲ့ပေးပြီး အနောက်ပိုင်း ကုန်းမြင့်ကျသော တောအုပ်ဘက်ဆီနယ်မြေတိုင်းတာ ရှာဖွေရေးစေလွှတ်သည်။
ထိုနေ့ နံနက်ခင်းက နှင်းမြူ အချို့အုံ့ဆိုင်းဝဲဝေနေခဲ့သည်။ ကာလသားခေါင်းတစ်ဦးဖြစ်သူ ကိုညွန့် အမောတကောဖြင့် ဘုန်း တော်ကြီး ကျောင်းသို့ အပြေးအလွှား လာ ရောက်လျှောက်တင်၏။ သူ့ လေသံများမှာ တုန်တုန်ယင်ယင် ”ရွာသစ် ရွှေ့တည်ဖို့ အသင့်တော်ဆုံး နေရာကို တွေ့ပါပြီဘုရား၊ ထူးခြား ဆန်းကြယ်လွန်းလို့ အရှင်ဘုရား လိုက်ပြီး အတည်ပြုပေးစေလိုပါ တယ်”ဆရာတော်နှင့် သူကြီးမင်းက အစ ရွာခံအချို့အပြင် ကလေးအချို့ ပါစူးစမ်းလိုစိတ်ဖြင့် လိုက်ပါသွား ကြသည်။ လှည်းများဆင့်၍ သွား ကြခြင်းဖြစ်၏။ အချို့လည်း ကုန်း ကြောင်းလျှောက်ကြသည်။
ခရီးသုံး တိုင်မျှသွားရ၏။ လမ်းခရီးမှာလည်း တစ်ဆင့်စကားဖြင့် ရွာသစ်မြေနေရာ သည် နတ်မြို့ဟောင်း၊ သိုက်ဟောင်း တစ်ခုယောင်ယောင်ပြောဆိုနေသံ များကြားကြရသည်။ ထိုနေရာကို အဘွားကိုရောက်တော့ နှင်းကောင်း စွာ ကွဲစအချိန်ဖြစ်၏။ ဆီးကြိုနေ သော မြင်ကွင်းကို တွေ့လိုက်ရချိန် မှာ အားလုံးလိုလိုပင် အာမေဍိတ် ကိုယ်စီဖြင့် မှင်တက်အံ့သြသွားခဲ့ ကြ။
”ဟင်”
စိမ်းစိုလတ်ဆတ်သောမြေပြင်။ အပြိုင်းအရိုင်း ဝန်းရံပေါက်ရောက် နေသော သက်တမ်းရင့်သစ်မာ သစ်ရိုင်းပင်များ၏ ပင်စည်အသီး သီးတွင် အခိုင်အမာ ရစ်ခွေနွယ် ပတ်လျက်ရှိသော နဂါးတွေ..။
အို… အသက်ပင် မရှူဝံ့။ သေ သေချာချာကြည့်တော့မှ စနစ်တကျ ထွင်းဆစ်ပုံဖော်ထားသော ပန်းပု လက်ရာများပင်။ တကယ့် သက်ရှိ နဂါးများလားထင်မှတ်မှားလောက် ၏။ အထူးခြားဆုံးကတော့ ကြည် တောက်နေသော နဂါးများ၏ မျက် လုံးတွေပဲဖြစ်သည်။ ရင်ထဲကျော ထဲစိမ့်သွားလောက် သည့်ပီတိတစ်ခု ကို ပေးနေသယောင်။ ထိုမျက်လုံး များသည် ချစ်သောအကြည့်ဖြင့် ကြည့်လျှင် ကြည်နူးစရာကို ပြန်ပေး ပြီး ရန်လိုသော အကြည့်ဖြင့်ကြည့် လျှင် ကြောက်မက်စရာပြန်ပေးမည့် မျက်လုံးတွေ။ အဘွားသည် တစ်စုံ တစ်ခုကို ကောင်းစွာသတိရသွား သလိုရှိလိုက်သည်။ ထိုစဉ်မှာ ချောက် ချားဖွယ်ရာ အသံနက်ကြီး တစ်ခုကို အားလုံးကြားခဲ့ရ၏။
”အား…”
ဖိုးကုလားသည် နဂါးရုပ်တစ် ရုပ်အား လက်ညှိုးထိုးလျက် လက် တစ်ဖက်က ရင်ဘတ်ကိုဖိပြီး ပြာကျ မတတ်အော်ဟစ်လူးလိမ့် နေ၏။ ခဏအကြာတွင် ငြိမ်သက်သွား သည်။ အသက်မှရှူတော့။ သူညွှန် ပြသော သစ်ပင်မှ ပါးပျဉ်းထောင်နေ သော နဂါးရုပ်သည်ကား အသက် အဝင်ဆုံး၊ လက်ရာအ မြောက်ဆုံး ဟုဆိုနိုင်၏။ ထိုနေရာသို့ အားလုံး အပြေးအလွှားသွားကြည့်ကြသည်။
”အို…”
အပင်ခြေရင်းတွင် နဂါးရုပ် ဘေးမှာ မှီလျက်သား အနေအထား လူအရိုးစုတစ်ခုကို တွေ့ရသည်။ ထူးခြားချက်မှာ ထိုအရိုးစုလက် တစ်ဖက်မှ ကျစ်ကျစ်ပါအောင် ဆုပ် ထားသော ဓားတစ်လက်၊ အင်္ဂတေ သရိုးကိုင်ထားသည့်နှယ် မည်သူမှ ဖြည်ချွတ်ဆွဲနုတ်၍မရကြ။ ထို့ထက်ပို ၍ ဆန်းကြယ်သည်က အဆိုပါ ဓား သည် အကြေးအညှိ တစ်မှုန်တစ်ဖျား မျှ ကပ်ထင်မနေဘဲ အသစ်ကျပ်ချွတ် သို့ပင် ထက်မြက် စူးရှလျက်။ နှင်းခွဲမြူဖောက် နေ ရောင်တစ်စ အလင်းလွှာအောက် တွင် မျက်စိကျိန်းစပ် သွားအောင် လက်ဖြာကြည်စင် လျက်။ ဦးစိန်လုံး သည် မျက်ရည် သွင်သွင် စီးကျနေ ရင်းက အားပါးတရပြုံးသည်။ တိုးတည်မာကျောသော စကားတစ် ခွန်းကို လေးလေး ခန့်ခန့်ဆို၏။
”အဲဒါ အနုပညာပဲ၊ အစစ်အ မှန်ပဲ”
အဘွားတို့အတွက်တော့ ဘယ် ခါမှ မမေ့နိုင်သည့် မြင်ကွင်း သုံးခု အာရုံမှာစွဲကျန်ရစ်ခဲ့ကြသည်။ ထိုနေ့ မှာမှ ထူးထူးခြားခြား လှုပ်မွေ့ ပွင့် လန်းလာခဲ့ကြသော ရောင်စုံ နဂါး သစ္စာပန်းပွင့်တွေရယ်၊ အဓိပ္ပာယ် အသီးသီး နက်ရှိုင်းစွာ ဖော်ပြနေကြ သော နဂါးမျက်လုံးတွေရယ်၊ နောက်ပြီးတော့ တစ်သက်လုံးမှာ တစ်ကြိမ်သာတွေ့ခဲ့ဖူးသော အလင်း ချင်း အဝင်းပဆုံးအသွားမြမြ’ဓား’ တစ်လက်ရယ်…။အခုတော့ အဘွားဆုံးခဲ့တာ တောင် နှစ်အနည်းငယ်ကြာခဲ့ပါပြီ။ အဘွားရဲ့  ဒဏ္ဍာရီဆန်ဆန်ဇာတ် လမ်းလေးကိုတော့ တစ်လုံးတစ်ပါဒ မျှ ကျွန်တော်မမေ့ခဲ့။ ထို့ပြင် အဘွား ရဲ့ သစ်ပင်လေးတွေကိုလည်း နေ့စဉ် မပျက် ရေဆက်လောင်းပေး နေဆဲ ပါ။ အပင်လေးတွေ အတော်အရွယ် ရောက်ခဲ့ကြပြီဖြစ်၏။ ပွင့်တော့ မပွင့်သေး။ ဘာပဲဖြစ်ဖြစ် တစ်နေ့နေ့ မှာတော့ မိုးကောင်းကင်နှင့် လေ ပြည်ထု အံ့အားသင့်ဖွယ်ကောင်း လောက်အောင် ဖွေးလှုပ်လှပစွာ ရောင်စုံယှက်ဖြာရနံ့ဝေလင်း သန့် ရှင်းစွာ သူတို့ ပွင့်လန်းလာကြ မည်ဟု ကျွန်တော် အသေအချာ ယုံကြည်ပါသည်။
ကျော်ဇင်ကိုကို

1 comment: